ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသို့တက်ရောက်

ဘားအံ ဇန်နဝါရီကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက် ခင်းပြင်တွင် ယမန်နေ့နံနက် ၆နာရီက ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆ဝခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်ပါတီဥက္ကဋ္ဌ ပြည်နယ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်သံဃာတော်များဆွမ်းဆေးဝေယျာဝစ္စအတွက် အလှူတော်ငွေကျပ်သိန်း ၅ဝ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ် ကျောင်းတိုက် သံဃာတော်များ ဆွမ်းဆေး ဝေယျာဝစ္စအတွက် လှူဒါန်းသောငွေကျပ်သိန်း ၅ဝ ကို ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်က မစိုးရိမ် တိုက်သစ်ဒုတိယမဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဝါသေဌာဘိဝံသထံသို့ ယမန်နေ့နံနက် ၁ဝ နာရီက ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် မစိုးရိမ်တိုက် သစ်ဒုတိယမဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတဝါသေဌာဘိဝံသထံမှ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း မောင်နှင့်အဖွဲ့က ငါးပါးသီလခံယူဆောက် တည်ပြီးနောက် မစိုးရိမ်တိုက်သစ်ကျောင်း တိုက်သံဃာတော်များ ဆွမ်းဆေးဝေယျာ ဝစ္စအတွက် အလှူတော်ငွေသိန်းကျပ် ၅ဝ အား ဆက်ကပ်လှူဒါန်းကာ ဆရာတော် ထံမှသြဝါဒခံယူခဲ့ကြသည်။ လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ […]

ဆက်လက်ဖတ်ရှုပါရန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲပြုလုပ်

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာသတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့သည်။ရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ ရွေးကောက်ပွဲဖြစ်စဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသောသတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်

ရွှေရတုတိပိဋကဆရာတော်ကြီး ဝိဇာတမွေးနေ့အား ပြည်ခိုင်ဖြိုးပါတီ တိုင်းနာယကကြီးမှ နေ့ ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂၆)ရပ်ကွက် ပုလဲရတနာလမ်းမကြီးပေါ်ရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဖြစ်တော်မူသော ရွှေရတု တိပိဋကဓရ တိပိဋက ကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူဘဒ္ဒန္တသီလက္ခ န္ဓာဘိဝံသ(မော်ကျွန်းဆရာတော်)၏ သက်တော် (၅၇ နှစ်)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီ နာယက ဒေါက်တာခင်မောင်ထွန်း နှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့်ရွှေခေါင်းပေါင်း) တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးမိသားစုဝင်များက နဝကမ္မအလှူတော်ငွေများ ဆက်ကပ် ခြင်း၊ စောင်နှင့်ဆေးဝါးပစ္စည်းများလှူဒါန်းခြင်းနှင့် ကျောင်း တိုက် အတွင်းရှိသံဃာအပါး ၅ဝကျော်တို့အတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို ကုသိုလ်ယူလှူဒါန်းခဲ့ကြရာ ရွှေရတု တိပိဋကဆရာတော်ကြီးက သာဓု အနုမောဒနာတရားများ ပြန်လည် ချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြကြောင်း သိရသည်။အဆိုပါ လှူဒါန်းမှုများကို ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ခိုင် ဖြိုးပါတီမြို့နယ် ဥက္ကဋ္ဌ ဒေါ်စမ်း […]

ဆက်လက်ဖတ်ရှုပါရန်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ၈-၁-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပါတီဝင်များနှင့်တွေ့ဆုံ​ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီအဖွဲ့ဝင်များအား ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား တိတိကျကျ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး တက်ရောက်လာသော ပါတီဝင်များနှင့် ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်နှင့် ဥတ္တရသီရိမြို့နယ်မှ ပါတီဝင်များတက်ရောက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်

မော်ကွန်းကောင်းရေးထိုးစေလို

Covid ရောဂါကြောင့် ရွေးကောက်ပွဲရွှေ့ဖို့ ပြောကြား ရေးသား တောင်းဆိုမှုများစွာရှိခဲ့သော်ငြားလည်း အာဏာရပါတီ၏ ရွေးကောက်ပွဲ ကော်မရှင်က မူလသတ်မှတ်ရက်အတိုင်း ကျင်းပသွားမည်ဟု တုံ့ပြန်ခဲ့သည်။ ရွေးကောက်ပွဲရက်ရွှေ့လိုက်လျှင် ၁၈ နှစ်ပြည့် မဲစာရင်းများ တွက်ရချက်ရ ခက်သွားမည်ဟု တုံ့ပြန်ချက်မှာ အသက်မပါသော အသွင်သန္တာန်မဲ့သော အကြောင်း ပြချက် သက်သက်မျှသာဟု အတွေ့အကြုံရှိကျွမ်းကျင်ပုဂ္ဂိုလ်များ က မှတ်ချက်ချကြသည်။ ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် စိုးရိမ် စိတ်ရှိနေပြီး အရေးပေါ်ဆိုင်ရာ အခြေအနေဖြစ်လာမည်ကို ပူပင်သောက ဖြစ်နေသလားဟု မေးခွန်းထုတ်စရာဖြစ်ကြောင်းလည်း ယူဆပြောဆိုသံများ ကြားရသည်။ပထမဒီမိုကရေစီအစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲချုပ်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၊ ယခုနိုင်ငံရေး ပြိုင်ဘက်ပါတီတစ်ခု၏ ဒုတိယဥက္ကဋ္ဌ စသည့် နိုင်ငံရေးဝန်ထမ်းတာဝန်နှင့် အဖွဲ့အစည်းတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အတွေ့အကြုံပေါင်းများစွာ ရှိခဲ့သူက မီဒီယာမေးမြန်းချက်ကို ဖြေကြားခဲ့မှုကိုလည်း မှတ်သားရသည်။”NGO […]

ဆက်လက်ဖတ်ရှုပါရန်

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ထိုပူးကျေးရွာအုပ်စု၌ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုပါတီကော် မတီဝင်များ၊ ပါတီဝင်များနှင့်ပါတီဝန်းရံသူများစုပေါင်း ၍ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုအတွင်း၌’ပိုမိုတောက်ပသောအနာဂတ်ဆီသို့’ စာတန်းနှင့် မြို့နယ်ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ရုပ်ပုံပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာကို စိုက်ထူခဲ့ကြသည်။ အဆိုပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူရာသို့ မြို့နယ် ပါတီနာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌအမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း ထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် လောင်း ဦးစိုးနွယ်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် မြို့ နယ်အရန် ပါတီကော်မတီဝင်နယ်မြေ (၃)တွဲဖက်တာဝန်ခံ ဦးသန်းစိုးတို့ တက်ရောက် အားပေးခဲ့ကြသည်။ဝင်းအောင်(မိုးကောင်း)

ဆက်လက်ဖတ်ရှုပါရန်

ရွေးကောက်ပွဲသည်ပါတီများအာဏာရရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပါတီကောင်းများမှ ကိုယ်စားလှယ်ကောင်းများကိုရွေးချယ်ခြင်းသာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ရွေးကောက်ပွဲသည်ပါတီများ အာဏာရ ရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲပါတီကောင်းများ မှကိုယ်စားလှယ်ကောင်းများကိုရွေး ချယ်ခြင်း သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးက ပြောကြားသည်။ ယမန်နေ့ ပျော်ဘွယ်မြို့နယ်အတွင်းရှိကျေးရွာ များသို့ သွားရောက်ကာဒေသခံမဲဆန္ဒရှင်မိဘ ပြည်သူများနှင့်တွေ့ဆုံရာတွင် ပျော်ဘွယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ဒီရွေးကောက်ပွဲဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအာဏာ ရအောင်လုပ် တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ပြည်သူ တွေအတွက် ကောင်းကောင်းမွန်မွန် အေး အေးချမ်းချမ်းနဲ့စီးပွားရေးဘဝတွေ၊ လူမှု ရေးဘဝတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်အောင်လုပ်ပေးနိုင်တဲ့ တိုင်းပြည် နဲ့လူမျိုးကိုချစ်တဲ့ ပါတီကောင်းတွေက ကိုယ်စားလှယ်ကောင်းတွေကိုရွေးကောက် ပေးတာဖြစ်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ပြော ကြားသည်။ ထို့ပြင် ရွေးကောက်ပွဲသည် သာမန် မဟုတ်ဘဲပြည်သူများ၏ ကံကြမ္မာဖြစ် သောကြောင့် သေသေချာချာစဉ်းစားပြီး ရွေးချယ်ပေးသင့်ကြောင်း […]

ဆက်လက်ဖတ်ရှုပါရန်