ပါတီတွင်း လုပ်ငန်းညှိနှိုင်းစည်းဝေးပြုလုပ်
မအူပင် ဇန်နဝါရီ ၂၀ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁ဝ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ပါတီမှ ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ မဲစာရင်းစိစစ်တွေ့ရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အစည်းအဝေးသို့ မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့်မြို့နယ်ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ဖြိုးမောင်ဇော်(မအူပင်)
ဆက္လက္ဖတ္ရႈပါရန္