စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

၂၆.၁၀.၂၀၂၀နေ့ရက် နေ့လယ်(၂)နာရီအချိန်တွင် ရခိုင်မြို့နယ် စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းသို့ မကျဉ်းမြိုင်ရပ်ကွက်၊ ကသဲရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ ရဲနွယ်စုရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ မိဇံရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ အနောက်စံပြရပ်ကွက်တို့မှ မဲရုံကိုယ်စားလှယ်များနှင့် ရပ်/ကျေးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်မှ သင်တန်းပို့ချခဲ့သည်။Usdp rakhine state

ဆက်လက်ဖတ်ရှုပါရန်

ကျောက်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဆေးရုံအတွက် လူနာခုတင်နှင့် လေးဝတီကုလရက္ခိတအသင်းအတွက် PPE ဝတ်စုံလှူဒါန်း

ကျောက်ဖြူ သြဂုတ်လရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်ပါတီကော်မတီဝင်ဦးသိန်းနု၊ ခရိုင် ပါတီဥက္ကဋ္ဌဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊မြို့နယ်ပါတီဥက္ကဋ္ဌဒေါက်တာ ထင်လင်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင်ထွန်း၊ပါတီကော်မတီဝင်များနှင့် ရုံး ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၂နာရီက ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ သြား ရောက်ကာ COVID-19 ရောဂါကာလ အတွင်းသီးသန့်လူနာခန်း Isolation Room တွင် အသုံးပြုနိုင်ရန်အတွက် လူနာခုတင် နှစ်လုံးကို လှူဒါန်းခဲ့ပြီး လေးဝတီကုလ ရက္ခိတအသင်းတွင်အသုံးပြုရန်အတွက် PPE ဝတ္စုံမ်ား လှူဒါန်းခဲ့ကြောင်း သိရသည်။သိန်းဖေ(မာန်အောင်)

ဆက်လက်ဖတ်ရှုပါရန်

ကျောက်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှMask နှင်Face Shield များလှူဒါန်း

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ပြည် ခိုင်ဖြိုးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူးဦးခင်မောင်ကြီး၊မြို့နယ် ပါတီဥက္ကဋ္ဌဒေါက်တာထင်လင်းဦး၊ မြို့ နယ်ပါတီအတွင်းရေးမှူး ဦးတင်ထွန်းနှင့် ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများ သည် ယမန်နေ့နံနက် ၈ နာရီ က စနဲမြို့နှင့် ဇင်ချောင်းအုပ်စုတို့မှ ဈေးရောင်းဈေးဝယ် သူမ်ားအား COVID-19 ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက်Mask နှင့်Face Shield မ်ားကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြကြောင်း သိရသည်။သိန်းဖေ(မာန်အောင်)

ဆက်လက်ဖတ်ရှုပါရန်

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဓမ္မသုခဆရာတော်နှင့် အောင်ရတနာသိဒ္ဓိချောင်းဝဆရာတော်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

သံတြဲ သြဂုတ်သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီကဥက္ကဋ္ဌ ဦးစန်းနိုင်၊ အရန်ပါတီကော် မတီဝင်နယ်မြေတာဝန်ခံ ဦးမောင်ဝင်းတို့သည် ဂျိတ္တောရပ်ကွက် ရပ်ကျေး ဥက္ကဋ္ဌ ဦးမင်းမောင်လိုက်ပါလျက် ယမန်နေ့နံနက် ၈နာရီခြဲက သံတြဲ မြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်ရှိ ဓမ္မသုခဆရာတော်နှင့် အောင်ရ တနာသိဒ္ဓိချောင်းဝကျောင်းဆရာတော်တို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများ၏ သြဝါဒတရားတော်များကို နာယူခဲ့ကြကြောင်း သိရသည်။အောင်လှဖြူ(ရမ်းဗြဲ)

ဆက်လက်ဖတ်ရှုပါရန်

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် အောင်ချက်ကောင်းကျောင်းအားဂုဏ်ပြု

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၂ဝ၂ဝပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက် ဘာသာဂုဏ်ထူးရှင်များ၊ ဝိပ္ပံတွဲရခိုင်ပြည် နယ်တွင် ပထမအဆင့် တစ်နိုင်ငံလုံးတွင် အဆင့်(၆)ရရှိသူနှင့် ပါတီဝင်မိသားစု ထူးချွန်စွာအောင်မြင်သူများ၊ မြို့နယ် အတွင်း အောင်ချက်အကောင်းဆုံးကျောင်း အား ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကျောက်ဖြူမြို့ ပြည်ခိုင် ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနုက ဝိပ္ပံတွဲရခိုင်ပြည်နယ် ပထမအဆင့်၊ တစ်နိုင်ငံလုံးတွင် အဆင့်(၆)ရရွိသူ မောင်ဇွဲထက်ပိုင်အား ဆုငွေကျပ်တစ်သိန်းကိုလည်းကောင်း၊ ခရိုင် ပါတီဥက္ကဋ္ဌဦးမြလင်းက မြို့နယ်အတွင်း အောင်ချက်အကောင်းဆုံး အထက(ခြဲ)အလက(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား ဆုငွေကျပ်တစ်သိန်းကိုလည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦး က ခြောက်ဘာသာဂုဏ်ထူးရှင် မဆုမြတ်ဖြိုးအား ဆုငွေကျပ်တစ်သိန်းကိုလည်းကောင်း၊ ခရိုင်ဘဏ္ဍာရေး မှူးဦးခင်မောင်ကြီးက ခြောက်ဘာသာဂုဏ်ထူးရှင် မခိုင်မြင့်မိုရ်အား ဆုငွေကျပ်တစ်သိန်းကိုလည်းကောင်း၊ […]

ဆက်လက်ဖတ်ရှုပါရန်

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၂/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရခိုင်ပြည်နယ်” ရွိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်- Unicode သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၂/၂၀၂၀) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရခိုင်ပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုပါရန်

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီး ကျောင်း သို့ ဆွမ်းဆန်တော်လှူ အထက ခွဲသို့ စာရေးခုံလှူဒါန်း “

၁၀. ၈. ၂၀၂၀. နေ့ နေ့လည် ၁၂. ၃၀. နာရီတွင် သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးအောင်နိုင်ဦး ခရိုင်ကော်မတီဝင် ဦးသန်းစိုး အရံကော်မတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မူ၊ ကော်မတီဝင် ဦးသန်းနိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးစန်းနိုင်၊ ကော်မတီဝင် ဦးခင်မောင်၊အရံကော်မတီဝင် နယ်မြေတာဝန်ခံ ဦးမောင်ဝင်း အရံကော်မတီဝင် ဦးစံဝင်း ၊ ရပ်ကျေးဥက္ကဋ္ဌ ဦးမင်းနိုင် အတွင်းရေးမှူး ဦးရွှေသိန်း တို့သည် ဂျိတ္တော ရပ်ကွက် ငပလီမြို့ သံတွဲမြို့နယ် ပုလဲရတနာ ဘုန်းတော်ကြီး သင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမြဲဖြစ်သော ဆွမ်းဆန်တော် ( ၂. ) အိပ်လှူဒါန်းခဲ့သည် ထို့နောက်ဥက္ကဋ္ဌ နှင့်အဖွဲ့ သည် အထက ခြဲ လင်းသာကျောင်းသို့. စာသင် ခုံ ( ၂) […]

ဆက်လက်ဖတ်ရှုပါရန်

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြကျွန်းကျေးရွာမှ ဆရာတော်ကြီး၏ ဈာပနအတွက် နဝကမ္မငွေလှူဒါန်း

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယနေ့တွင် သံတွဲမြို့နယ် ဝက်ထီးတောင်အုပ်စု မြကျွန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနနာယကဖြစ်တော် မူသော သက်တော်ရှည်ဆရာတော်ကြီးဘဒ္ဒန္တဇေဋ္ဌ ပျံလွန်တော်မူ၍ြ<ွကင်းကျန်ရစ်သော ရုပ်ကလာပ်တော်အား မူလကျောင်းတော်ပေါ်မှ စံကျောင်း ကြာကလာပ်ပေါ် ပင့်ဆောင်တော်မူသောအခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ ဝက်ထီးတောင် အုပ်စု ပါတီအတွင်းရေးမှူးဦးဇော်ကြီး၊ ရပ်ကျေးလူငယ်ခေါင်းဆောင် မောင်ဇေယျာမင်း၊ မောင်သန်းမျိုးလွင်နှင့် အမျိုးသမီးရေးရာပါတီဝင် များသည် ထိုအခမ်းအနားသို့တက်ရောက်ပြီး ဈာပနကျင်းပစဉ် လိုအပ်သောဝေယျာဝစ္စများအား လုပ်အားဒါနပေးလှူခဲ့ကာ မြို့နယ် ပါတီဥက္ကဋ္ဌဦးစန်းနိုင်က ဆရာတော်ဈာပနအတွက် နဝကမ္မငွေ ကျပ်ငါးသောင်းအား ဈာပနကျင်းပရေးကော်မတီဝင် ပါတီလူငယ် ခေါင်းဆောင်နှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ကြောင်း နှင့် ဆရာတော်ဘုန်းကြီးပျံပွဲတွင်လည်း မိမိတို့ပါတီအနေဖြင့် တတ်အားသရွေ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်