ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်သံဃာတော်များဆွမ်းဆေးဝေယျာဝစ္စအတွက် အလှူတော်ငွေကျပ်သိန်း ၅ဝ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ် ကျောင်းတိုက် သံဃာတော်များ ဆွမ်းဆေး ဝေယျာဝစ္စအတွက် လှူဒါန်းသောငွေကျပ်သိန်း ၅ဝ ကို ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်က မစိုးရိမ် တိုက်သစ်ဒုတိယမဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဝါသေဌာဘိဝံသထံသို့ ယမန်နေ့နံနက် ၁ဝ နာရီက ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် မစိုးရိမ်တိုက် သစ်ဒုတိယမဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတဝါသေဌာဘိဝံသထံမှ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း မောင်နှင့်အဖွဲ့က ငါးပါးသီလခံယူဆောက် တည်ပြီးနောက် မစိုးရိမ်တိုက်သစ်ကျောင်း တိုက်သံဃာတော်များ ဆွမ်းဆေးဝေယျာ ဝစ္စအတွက် အလှူတော်ငွေသိန်းကျပ် ၅ဝ အား ဆက်ကပ်လှူဒါန်းကာ ဆရာတော် ထံမှသြဝါဒခံယူခဲ့ကြသည်။ လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ […]

ဆက်လက်ဖတ်ရှုပါရန်

ရွေးကောက်ပွဲသည်ပါတီများအာဏာရရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပါတီကောင်းများမှ ကိုယ်စားလှယ်ကောင်းများကိုရွေးချယ်ခြင်းသာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ရွေးကောက်ပွဲသည်ပါတီများ အာဏာရ ရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲပါတီကောင်းများ မှကိုယ်စားလှယ်ကောင်းများကိုရွေး ချယ်ခြင်း သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးက ပြောကြားသည်။ ယမန်နေ့ ပျော်ဘွယ်မြို့နယ်အတွင်းရှိကျေးရွာ များသို့ သွားရောက်ကာဒေသခံမဲဆန္ဒရှင်မိဘ ပြည်သူများနှင့်တွေ့ဆုံရာတွင် ပျော်ဘွယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ဒီရွေးကောက်ပွဲဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအာဏာ ရအောင်လုပ် တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ပြည်သူ တွေအတွက် ကောင်းကောင်းမွန်မွန် အေး အေးချမ်းချမ်းနဲ့စီးပွားရေးဘဝတွေ၊ လူမှု ရေးဘဝတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်အောင်လုပ်ပေးနိုင်တဲ့ တိုင်းပြည် နဲ့လူမျိုးကိုချစ်တဲ့ ပါတီကောင်းတွေက ကိုယ်စားလှယ်ကောင်းတွေကိုရွေးကောက် ပေးတာဖြစ်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ပြော ကြားသည်။ ထို့ပြင် ရွေးကောက်ပွဲသည် သာမန် မဟုတ်ဘဲပြည်သူများ၏ ကံကြမ္မာဖြစ် သောကြောင့် သေသေချာချာစဉ်းစားပြီး ရွေးချယ်ပေးသင့်ကြောင်း […]

ဆက်လက်ဖတ်ရှုပါရန်

အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၃ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေး ပြည်လည်ကောင်းမွန်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။ စက်တင်ဘာ ၂၂ ရက် ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိ ပြည်သူများနဲ့ သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပြည်သူတွေ များသောအားဖြင့် တောင်သူဦးကြီးတွေပေါ့။ ဒီကာလတွေမှာ သီးနှံဈေးနှုန်းတွေ မကောင်းတော့ စီးပွားရေးအဆင်မပြေကြဘူး။ အဲ့ဒီတော့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစရာ အခက်ခဲတွေရှိလာတယ်။ တိုင်းပြည်စီးပွားရေးကျဆင်းလာတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ခဲ့ရင် ဒါတွေပြန်လည်ကောင်းမွန်အောင်လုပ်မယ်။ ကျွန်တော်တို့ ပါတီရဲ့ ပြည်သူ့အာမခံချက် (၁၁) ချက်မှာလည်း လယ်ယာထုတ်ကုန်များ သင့်တင့်မျှတတဲ့ ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက် ပေးမယ်လို့ အာမခံထားပြီး ဖြစ်တယ်” ဟု ဦးလှထွန်းက ပြောသည်။ […]

ဆက်လက်ဖတ်ရှုပါရန်

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ အောင်နိုင်ရေးဆိုင်းဘုတ်တင်အခမ်းအနားများကျင်းပ

အမရပူရမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများပုံပါ အောင်နိုင်ရေးဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားများကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိ မြို့ နယ်အတွင်းရှိ နေရာသုံးခု၌ကျင်းပ ခဲ့သည်။ရှေးဦးစွာ နံနက် ၁ဝနာရီခွဲတွင် မြို့နယ်ပါတီရုံးဝင်းအတွင်း၌လည်း ကောင်း၊ နံနက် ၁၁ နာရီတွင် စစ်ကိုင်း-မန္တလေးကားလမ်းနှင့် ကွမ်းသီးတန်းလမ်းဆုံ၌ လည်း ကောင်း၊ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် ဈေးချိုရပ်ကွက် သင်ပန်း ကုန်းရပ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်း ထွန်းဦး၏နေအိမ်၌လည်း ကောင်း လွှတ်တော်ကိုယ်စားလောင်းများပုံပါ အောင်နိုင်ရေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြသည်။အခမ်းအနားများ၌ မင်္ဂလာ အချိန်ကျရောက်သောအချိန်တွင် လွှတ်တော်ကိုယ်စားလောင်းများပုံပါ အောင်နိုင်ရေးဆိုင်းဘုတ်များကို လွှတ်တော်အရပ်ရပ်တွင် ပြည်ခိုင် ဖြိုးပါတီအား […]

ဆက်လက်ဖတ်ရှုပါရန်

တောင်သာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ Green Campaign ပြုလုပ်မှုအား ဒုဥက္ကဋ္ဌ ဦးလှထွန်း သွားရောက် အားပေး

တောင်သာ စက်တင်ဘာ ၁၂ စက်တင်ဘာ ၁၁ ရက် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ လှည့်လည်ကာ Green Campaign ပြုလုပ်ခြင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။ အဆိုပါ သွားရောက်ရာတွင် တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဆွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်တင်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝင်းမောင်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းခေါင်ကျော်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ ကြိုဆိုခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးလှထွန်းမှ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်ပြုပြင်ရန် ဘိလပ်မြေအိတ်များလှူဒါန်း

အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက် အကွက်(၃၇)ရွိ ရွှေရင့်မာကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်ထားသော နှစ်ပေါင်း ၉ဝဝခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်မြတ် ပြုပြင်မွမ်းမံရန် အတွက် ဘိလပ်မြေအိတ်များကို အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်းတိုက်၌ သွားရောက်လှူဒါန်းခဲ့သည်။ထိုသို့လှူဒါန်းရာတွင် ရွှေရင့်မာစေတီတော်မြတ် ပြုပြင်မွမ်းမံရန် အတွက် ဘိလပ်မြေအိတ် ၃၁အိတ်အား ရွှေရင့်မာကျောင်းတိုက် ဆရာ တော်ဘဒ္ဒန္တဣုန္ဒာစာရ (သက်တော် ၆၅နှစ်၊ ဝါတော် ၄၅ဝါ)ထံသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော် မတီဝင်ဦးမျိုးမြင့်နှင့်အဖွဲ့က လှူဒါန်းပြီးနောက် ဆရာတော်ဘဒ္ဒန္တဣုန္ဒာ စာရအား နဝကမ္မအလှူငွေကျပ်သုံးသောင်း လှူဒါန်းခဲ့ကာ လှူဒါန်းမှု အစုစုအတွက် ဆရာတော်ထံမှ ရေစက်ချသာဓုအနုမောဒနာ တရား နာယူကြည်ညို၍ ရေစက်ချလှူဒါန်းခဲ့ကြသည်။လှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီ ဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ […]

ဆက်လက်ဖတ်ရှုပါရန်

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီကCOVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဈေးနှင့်ရပ်ကွက်အတွင်း Mask များအခမဲ့ဖြန့်ဝေ

အောင်မြေသာစံမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အမရဌာနီ အနောက်ရပ်ကွက် သူရဲဈေးနှင့် ရပ်ကွက်အတွင်း သွားလာနေထိုင် လျက်ရှိသော ဈေးသည်များ၊ ဈေး ဝယ်များနှင့် ရပ်ကွက်နေပြည်သူ မ်ားအား ယမန်နေ့ နံနက် ၉ နာရီမွ မွန်းတည့် ၁၂နာရီအထိ Mask မ်ားအခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့သည်။ ‘COVID-19 ရောဂါစဖြစ် ပြီဆိုကတည်းက ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရောဂါ ကာကွယ်ရေးအတွက် အခုလို Mask လှူဒါန်းတာတွေ အပြင် ရေမလို လက်သန့်ဆေးလှူ တာတို့၊ PPE ဝတ်စုံတွေ လှူတာ တို့ ရောဂါကာကွယ်ရေးအတွက် လိုအပ်မယ့် အခြားသောပစ္စည်း တွေ လှူတာတို့ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေ လှူတာတို့ကို […]

ဆက်လက်ဖတ်ရှုပါရန်

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီကမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သက်ကြီးဘိုးဘွားများအား ကူညီထောက်ပံ့

အောင်မြေသာစံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှမြို့နယ်အတွင်းရှိ အမရဌာနီ အရှေ့ အမရဌာနီအနောက်နှင့် ညောင်ကွဲရပ်ကွက်များအတွင်း နေ ထိုင်သောအသက်(၈၅နှစ်)အထက် သက်ကြီးဘိုးဘွားများကို ယမန်နေ့ နံနက် ၁ဝ နာရီမွ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မွ အိမ်တိုင်ရာရောက် လှည့်လည် ပူဇော်ကန်တော့၍ အလှူငွေနှင့်စား သောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိသည်။ ထို့သို့ ပူဇော်ကန်တော့ရာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီမွ ပါတီဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ပါတီကော်မ တီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဘိုသင်း၊ ခရိုင် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသောင်းညွန့်၊ ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးကိုကိုလေး၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်ပါတီကော်မတီဝင်များ လိုက် ပါခဲ့ကြကြောင်း သိရသည်။ အောင်မြေသာစံမြို့နယ် ပြည် ခိုင်ဖြိုးပါတီအနေဖြင့် […]

ဆက်လက်ဖတ်ရှုပါရန်