ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်နှင့်အဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း က ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မဝိဟာရကျောင်းတိုက်သို့ သွားရောက် ၍ ဆရာတော် အရှင်ဥုတ္တမအားဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအုပ်စု ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီရုံး၌ ကျေးရွာအုပ်စု ပါတီဝင်များနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြောင်းများဆွေးနွေးခဲ့ကြောင်း သိရသည်။ဝဏ္ဏကျော်

ဆက်လက်ဖတ်ရှုပါရန်

ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တနင်္သာရီတိုင်းဒေသကြီး အရန် ပါတီကော်မတီဝင် ဦးဟန်စိန်၊ ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးနိုင်ဦးနှင့် ပါတီဝင်များ သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် သစ်တိုထောက် ကျေးရွာအုပ်စု ကျောက်ဝှက်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုက် ဓမ္မဝေပုလ္လကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဣန္ဒဝံသ အားဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝေပုလ္လ ကျောင်းတိုက်ဆရာတော်ထံမှ အနု မောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။ယင်းနောက် ရေဖြူမြို့နယ် သစ်တိုထောက်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးရပ်ကျေးပါတီရုံး၌ ကျေးရွာအုပ်စုပါတီဝင်များနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြောင်းများ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ စာရေးဆရာများ သတင်းစာဆရာများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်းရှိစာရေးဆရာများ၊ သတင်းစာဆရာများအား COVID-19 ကာလအတွင်းအသုံးပြုနိုင်ရန် အတွက် အခြေခံစားသောက်ကုန် များထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁၂နာရီခြဲက ညောင်လေးပင်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၌ကျင်းပခဲ့ကြောင်း သိရသည်။ရှေးဦးစွာအလှူရှင်များဖြစ် ကြသော ပြည်ခိုင်ဖြိုးပါတီမှ ဦးမျိုးညွန့် (တရားလွှတ်တော် ရှေ့ နေ)နှင့် ဒေါက်တာ သန့်ဇော်လွင် တို့ကတက်ရောက်လာကြသော စာ ရေးဆရာ၊ သတင်းစာဆရာများ နှင့်မိတ်ဆက်စကားပြောကြားပြီး လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့ နောက်အခြေခံစားသောက်ကုန် များဖြစ်သောဆန်၊ ဆီ၊ ဆား၊ ကြက် သွန်၊ သကြား၊ ဆန်ကြာဆံ၊ နို့ဆီ၊ ကော်ဖီမစ်၊ အသားတု၊ ကွေ့ကာ ကိုလာစသည့်အမည်၁ဝမျိုးအား ပေးအပ်လှူဒါန်းရာ စာရေးဆရာ များကိုယ်စားမြန်မာနိုင်ငံစာရေး ဆရာအသင်း(ဗဟို)အလုပ်အမှု ဆောင်ဒေါက်တာမြင့်သန်း(ညောင် လေးပင်)က လက်ခံရယူပြီး […]

ဆက်လက်ဖတ်ရှုပါရန်

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေလွှမ်းဒဏ်ခံရသည့် အိမ်ထောင်စုများအား ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်များနှင့် အချိုရည်များလှူဒါန်း

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ်ကော်မတီဝင် ဦးမျိုးဝင်းသန့်၊ ဦးညီညီကျော်လင်းနှင့် ပကာရီကျေးရွှာအုပ်စု ရပ်ကျေးပါတီဥက္ကဌ ဦးအေးမြင့်တို့သည် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ပကာရီကျေးရွှာအုပ်စု ဆန်းချီ(၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်ရှိ ရေလွှမ်းဒဏ်ခံရသည့် အိမ်ထောင်စုပေါင်း (၅၀) စုတို့အား မားမားခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်များနှင့် Speed အချိုရည်များအား အိမ်တိုင်ရာေ၇ာက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ခွန်အောင်ကျော်စွာ

ဆက်လက်ဖတ်ရှုပါရန်

အင်းသာကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသက်န်း ကပ်ခြင်းနှင့် အလှူငွေ ၃သိန်းကျပ် အလှူငွေလှူဒါန်း

ယနေ့ မနက် ၉နာရီ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အင်းသာကျေးရွာ အင်းသာဘုန်းကြီးကျောင်းတွင် ဝါဆိုသက်န်းကပ်ခြင့်နှင့် အုတ်တံတိုင်း ကာရန်အတွက် အလှူငွေကျပ် ၃၀၀၀၀၀(သုံးသိန်း)ကို လှူဒါန်းခဲ့ကြသည်။ USDP Kachin State

ဆက်လက်ဖတ်ရှုပါရန်

ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အရန်ပါတီကော်မတီဝင် ဦးဟန်စိန်၊ ထားဝယ်ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ရေဖြူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ် ပါတီကော်မတီဝင် ဦးဝဏ္ဏကျော်နှင့် ဦးသိန်းအောင်တို့သည် ယမန်နေ့နံနက်ပိုင်းက ဝဇွမ်းတောကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်အရှင် သာသနအားဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ ဝဇွမ်းတောကျေးရွာရှိ အမာခံပါတီဝင်များနှင့် တွေ့ဆုံ၍ ယနေ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်

ထားဝယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗုဒ္ဓတက္ကသိုလ်(ထားဝယ်)တွင်ဝါဆိုသင်္ကန်းကပ်လှူပူဇော်ရန် အလှူငွေများနှင့် ဝဲကျွန်းအမက(ဘီ)သို့ လက်ဆေးဘေစင်များလှူဒါန်း

ထားဝယ်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးယုနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်ဦးခွန်အောင်ကျော်စွာ တို့သည် ယမန်နေ့ မွန်းလွဲ ၃နာရီ တွင် ထားဝယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းသားကျောင်းသူများမှဝါဆို သင်္ကန်းကပ်လှူဇော်ပွဲအတွက်အလှူ ငွေကျပ်တစ်သိန်းအားဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော် ဦးစိန္တိတ ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ယနေ့ နံနက်၉နာရီတွင်မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ ဘဏ္ဍာရေးမှူးဦးသန်းရွှေ၊မြို့နယ်ပါတီ ကော်မတီဝင်ဦးညီညီကျော်လင်းနှင့် ထိန်သစ်အုပ်စုရပ်ကျေး ဥက္ကဋ္ဌ ဦးဌေးဝင်းတို့မှ အခြေခံပညာမူလ တန်းကျောင်း(ဝဲကျွန်းဘီ)သို့ သွား ရောက်၍ ကျောင်းဖွင့်ချိန်တွင် Covid-19 ကူးစက်ရောဂါ ကြို တင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအသုံးပြုနိုင်ရန်လိုအပ် လျက်ရှိသောလက်ဆေးဘေစင်သုံး စုံအား ကျောင်းအုပ်ဆရာမဒေါ်မေ မေခိုင်ထံပေးအပ်လှူဒါန်းရာကျောင်း အုပ်နှင့်ဆရာ/ဆရာမများမှ ကျေး ဇူးတင်စကားနှင့်အခြားအခြေခံလို အပ်ချက်များကိုလည်းပြန်လည်ပြော ကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါရန်

တနင်္သာရီတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ထားဝယ်အထက(၅)သို့ လက်ဆေးဘေစင်များလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးသန်းအောင်၊ တိုင်း ဒေသကြီးအတွင်းရေးမှူး ဦးနေမျိုး တို့သည် ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးယု နိုင်၊ ပါတီအတွင်းရေးမှူး ဦးအောင် မျိုးထွန်း၊ ဘဏ္ဍာရေးမှူးဦးသန်းရွှေ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သပြေချောင်းကျေးရွာ ရပ်/ကျေး ပါတီ ဥက္ကဋ္ဌဦးအောင်ကျော်ဝင်းတို့ လိုက်ပါလျက် သပြေချောင်းကျေး ရွာရှိ အခြေခံပညာအထက်တန်း ကျောင်းအမှတ်(၅)သို့ သွားရောက် ကာ ကျောင်းဖွင့်ချိန်၌ COVID-19 ကူးစက်ရောဂါကြိုတင်ကာ ကွယ်တားဆီးနိုင်ရေးအတွက် ဆရာဆရာမ များ၊ ကျောင်းသူကျောင်းသားများ အသုံး ပြုနိုင်ရန် လိုအပ်နေသော လက်ဆေး ဘေစင် ၂ဝ အား တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက ပေးအပ်လှူဒါန်းရာ တာဝန်ခံ ကျောင်းအုပ်ဆရာမဒေါ်သန်းသန်းရှိန်နှင့် သပြေချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းဝင်းတို့က လက်ခံရယူ၍ […]

ဆက်လက်ဖတ်ရှုပါရန်