မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ထိုပူးကျေးရွာအုပ်စု၌ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုပါတီကော် မတီဝင်များ၊ ပါတီဝင်များနှင့်ပါတီဝန်းရံသူများစုပေါင်း ၍ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုအတွင်း၌’ပိုမိုတောက်ပသောအနာဂတ်ဆီသို့’ စာတန်းနှင့် မြို့နယ်ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ရုပ်ပုံပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာကို စိုက်ထူခဲ့ကြသည်။ အဆိုပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူရာသို့ မြို့နယ် ပါတီနာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌအမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း ထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် လောင်း ဦးစိုးနွယ်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် မြို့ နယ်အရန် ပါတီကော်မတီဝင်နယ်မြေ (၃)တွဲဖက်တာဝန်ခံ ဦးသန်းစိုးတို့ တက်ရောက် အားပေးခဲ့ကြသည်။ဝင်းအောင်(မိုးကောင်း)
ဆက်လက်ဖတ်ရှုပါရန်