မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ထိုပူးကျေးရွာအုပ်စု၌ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုပါတီကော် မတီဝင်များ၊ ပါတီဝင်များနှင့်ပါတီဝန်းရံသူများစုပေါင်း ၍ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုအတွင်း၌’ပိုမိုတောက်ပသောအနာဂတ်ဆီသို့’ စာတန်းနှင့် မြို့နယ်ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ရုပ်ပုံပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာကို စိုက်ထူခဲ့ကြသည်။ အဆိုပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူရာသို့ မြို့နယ် ပါတီနာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌအမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း ထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် လောင်း ဦးစိုးနွယ်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် မြို့ နယ်အရန် ပါတီကော်မတီဝင်နယ်မြေ (၃)တွဲဖက်တာဝန်ခံ ဦးသန်းစိုးတို့ တက်ရောက် အားပေးခဲ့ကြသည်။ဝင်းအောင်(မိုးကောင်း)

ဆက်လက်ဖတ်ရှုပါရန်

ရွေးကောက်ပွဲသည်ပါတီများအာဏာရရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပါတီကောင်းများမှ ကိုယ်စားလှယ်ကောင်းများကိုရွေးချယ်ခြင်းသာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ရွေးကောက်ပွဲသည်ပါတီများ အာဏာရ ရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲပါတီကောင်းများ မှကိုယ်စားလှယ်ကောင်းများကိုရွေး ချယ်ခြင်း သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးက ပြောကြားသည်။ ယမန်နေ့ ပျော်ဘွယ်မြို့နယ်အတွင်းရှိကျေးရွာ များသို့ သွားရောက်ကာဒေသခံမဲဆန္ဒရှင်မိဘ ပြည်သူများနှင့်တွေ့ဆုံရာတွင် ပျော်ဘွယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ဒီရွေးကောက်ပွဲဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအာဏာ ရအောင်လုပ် တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ပြည်သူ တွေအတွက် ကောင်းကောင်းမွန်မွန် အေး အေးချမ်းချမ်းနဲ့စီးပွားရေးဘဝတွေ၊ လူမှု ရေးဘဝတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်အောင်လုပ်ပေးနိုင်တဲ့ တိုင်းပြည် နဲ့လူမျိုးကိုချစ်တဲ့ ပါတီကောင်းတွေက ကိုယ်စားလှယ်ကောင်းတွေကိုရွေးကောက် ပေးတာဖြစ်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ပြော ကြားသည်။ ထို့ပြင် ရွေးကောက်ပွဲသည် သာမန် မဟုတ်ဘဲပြည်သူများ၏ ကံကြမ္မာဖြစ် သောကြောင့် သေသေချာချာစဉ်းစားပြီး ရွေးချယ်ပေးသင့်ကြောင်း […]

ဆက်လက်ဖတ်ရှုပါရန်

ပခုက္ကူခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွပ်/ရပ်ကျေး ပါတီဝင်များနှင့် တွေ့ဆုံ

ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင်ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊မြို့နယ်ပါတီဥက္ကဌ ဦးသန်းအေး၊မြို့နယ်ပါတီ အတွင်းရေးမှူးဦးဆွေလင်း၊မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးစန်းမြင့်တို့မှ ပြည်ခိုင်ဖြိုးပါတီ မဲရုံကော်မရှင်များကို သိသင့် သိထိုက်အပ်သော အချက်အလက်များ ရှင်းလင်း၍ ပါတီကော်မရှင်တို့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။။ မှတ်တမ်းစနေ

ဆက်လက်ဖတ်ရှုပါရန်

ပုဗ္ဗသီရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ကျေးရွာများသို့ စည်းရုံးရေးဆင်း

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် အောင်သုခ၊ ကံလှ၊ ရွာသစ်၊ ရေအိုးစင် ကျေးရွာများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလွင်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးတို့မှ covid-19 ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လှည့်လည်မဲဆွယ်စည်းရုံးရေးဆင်းခဲ့ကြောင်း သိရသည်။Usdp – PubbaThiri Township

ဆက်လက်ဖတ်ရှုပါရန်

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

၂၆.၁၀.၂၀၂၀နေ့ရက် နေ့လယ်(၂)နာရီအချိန်တွင် ရခိုင်မြို့နယ် စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းသို့ မကျဉ်းမြိုင်ရပ်ကွက်၊ ကသဲရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ ရဲနွယ်စုရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ မိဇံရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ အနောက်စံပြရပ်ကွက်တို့မှ မဲရုံကိုယ်စားလှယ်များနှင့် ရပ်/ကျေးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်မှ သင်တန်းပို့ချခဲ့သည်။Usdp rakhine state

ဆက်လက်ဖတ်ရှုပါရန်

မော်လူးမြို့တွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးမြို့တွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၁နာရီ ၂ဝမိနစ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖွဲ့ ဝင်များကမော်လူးမြို့ပေါ်ရပ်ကွက် များသို့ လှည့်လှည်၍ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်အားပြ ခဲ့ကြသည်။ အဆိုပါ အင်အားပြလှည့်လည် ရာသို့ အင်းတော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးမြင့်စိုး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း အောင်ဝင်၊ အမှတ်(၁)တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်သူသူဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးမိုးဆွေဦးဦးဆောင်သော ပါတီအဖွ့ဝင် အင်အား၄၅ဦးနှင့် ပါတီဝန်းရံသူအင်အား ၁၅ဝဝခန့် တို့က မော်လူးမြို့ မင်းရာဇာရပ် ကွက် စီးမော်တံတားထိပ်မှ မြို့ပေါ် ရပ်ကွက်များဖြစ်သော မင်းဇေယျာ ရပ်ကွက် မင်းချမ်းသာရပ်ကွက် နှင့် မင်းသီရိရပ်ကွက်White City ကုန်း […]

ဆက္လက္ဖတ္ရႈပါရန္

ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ Door To Door ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းဦးဇော်မင်း၊ အမျိုးသားလွှတ်တော်က်ုယ် စားလှယ်လောင်း ဦးကျော်ဝင်း၊ ပြည်နယ်မဲဆန္ဒနယ်(၁)လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သန်းဦး၊ ပြည်နယ်မဲဆန္ဒနယ်(၂) လွှတ် တော်ကိုယ်စားလှယ်လောင်းဦးသန်းထိုက်၊ မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်လူငယ်ရေးရာအဖွဲ့ဝင်များ၊ကျေးရွာ များမှပါတီကော် မတီဝင်များ၊ ပါတီဝန်းရံအဖွဲ့ဝင်များ စုစုပေါင်း ၄၈ ဦးတို့သည် အောက်တိုဘာ ယမန်နေ့နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ရွှေကူမြို့နယ် နောင်ပင်၊ ဟင်းအွန်၊ မြို့ကုန်း၊ ခိုလိပ်၊ စီသော်၊ လိပ်စင်း၊ စီငန်းကျေးရွာများသို့ (Door To Door)ကွင်းဆင်းဆောင် ရွက်ခဲ့ကြပြီး ပြည်သူများအား ပန်းဖလက်များဖြန့်ဝေခြင်း၊ မဲပေးပုံ အဆင့်ဆင့်ကိုရှင်းပြခြင်း၊ မဲတံဆိပ်နှိပ်ပုံခြင်းတို့ကို လက်တွေ့ ရှင်းလင်းပြသခဲ့ကြသည်။ဆီမီးခုံ-နန်းရီ

ဆက္လက္ဖတ္ရႈပါရန္

ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၂ရက်နေ့ နံနက် ၉နာရီခွဲက ဗန်းမော်မြို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပရာခရိုင် ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်းနှင့် ကော်မတီဝင်များ၊ စင်းခမ်းဂွင် ကျေးရွာဂွင်မှ ပါတီဝင်သင်တန်း သားသင်တန်းသူ ၄၈ ဦး တက် ရောက်ခဲ့ကြသည်၊။ သင်တန်းတွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက ယခင်နှင့် လက်ရှိ နိုင်ငံရေးခြေအနေ နှိုင်းယှဉ် ချက်များကို ရှင်းလင်းပြောကြား၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစော မိုးကျော်က ခိုင်လုံမဲနှင့်ပယ်မဲအခြေ အနေကို ဗီနိုင်းကားချပ်ဖြင့် ရှင်း လင်းပြောကြားပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌကဦးသက်ဝင်းကမဲရုံအတွင်း သိသင့်သိထိုက်သည် အကြောင်း အရာများကိုရှင်းလင်းပို့ချခဲ့သည်။ဆီမီးခုံ-နန်းရီ

ဆက္လက္ဖတ္ရႈပါရန္