ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ Door To Door ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းဦးဇော်မင်း၊ အမျိုးသားလွှတ်တော်က်ုယ် စားလှယ်လောင်း ဦးကျော်ဝင်း၊ ပြည်နယ်မဲဆန္ဒနယ်(၁)လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သန်းဦး၊ ပြည်နယ်မဲဆန္ဒနယ်(၂) လွှတ် တော်ကိုယ်စားလှယ်လောင်းဦးသန်းထိုက်၊ မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်လူငယ်ရေးရာအဖွဲ့ဝင်များ၊ကျေးရွာ များမှပါတီကော် မတီဝင်များ၊ ပါတီဝန်းရံအဖွဲ့ဝင်များ စုစုပေါင်း ၄၈ ဦးတို့သည် အောက်တိုဘာ ယမန်နေ့နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ရွှေကူမြို့နယ် နောင်ပင်၊ ဟင်းအွန်၊ မြို့ကုန်း၊ ခိုလိပ်၊ စီသော်၊ လိပ်စင်း၊ စီငန်းကျေးရွာများသို့ (Door To Door)ကွင်းဆင်းဆောင် ရွက်ခဲ့ကြပြီး ပြည်သူများအား ပန်းဖလက်များဖြန့်ဝေခြင်း၊ မဲပေးပုံ အဆင့်ဆင့်ကိုရှင်းပြခြင်း၊ မဲတံဆိပ်နှိပ်ပုံခြင်းတို့ကို လက်တွေ့ ရှင်းလင်းပြသခဲ့ကြသည်။ဆီမီးခုံ-နန်းရီ

ဆက္လက္ဖတ္ရႈပါရန္

ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၂ရက်နေ့ နံနက် ၉နာရီခွဲက ဗန်းမော်မြို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပရာခရိုင် ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်းနှင့် ကော်မတီဝင်များ၊ စင်းခမ်းဂွင် ကျေးရွာဂွင်မှ ပါတီဝင်သင်တန်း သားသင်တန်းသူ ၄၈ ဦး တက် ရောက်ခဲ့ကြသည်၊။ သင်တန်းတွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက ယခင်နှင့် လက်ရှိ နိုင်ငံရေးခြေအနေ နှိုင်းယှဉ် ချက်များကို ရှင်းလင်းပြောကြား၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစော မိုးကျော်က ခိုင်လုံမဲနှင့်ပယ်မဲအခြေ အနေကို ဗီနိုင်းကားချပ်ဖြင့် ရှင်း လင်းပြောကြားပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌကဦးသက်ဝင်းကမဲရုံအတွင်း သိသင့်သိထိုက်သည် အကြောင်း အရာများကိုရှင်းလင်းပို့ချခဲ့သည်။ဆီမီးခုံ-နန်းရီ

ဆက္လက္ဖတ္ရႈပါရန္

ကသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာများတွင် အောင်နိုင်ရေးပိုစတာများစိုက်ထူ

ကသာမြို့နယ် ကုန်းသာအုပ်စု ငါးလူးတုန်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ရွေးကောက်ပွဲ အောင်နိုင်ရေး ပိုစတာစိုက်ထူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ကသာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းထိုက် အောင်နှင့်ကော်မတီဝင်များ၊ ကျေး ရွာ ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ ကျေးရွာနေ ပါတီဝန်းရံသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။ရဲရင့်(ကသာ)

ဆက္လက္ဖတ္ရႈပါရန္

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံတောင်မှရပ်ကွက် အသီးသီးတွင် အောင်နိုင်ရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေ

ရန်ကုန်၊အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုရွေးချယ်ခံကိုယ်စားလှယ်များ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲများအနိုင်ရရှိရေးအတွက် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး စီစဉ်မှုဖြင့် ယနေ့မနက်မှ စတင်ကာ(၁၈၊ ၁၉၊ ၂၄၊ ၂၅၊၂၆၊ ၅၄၊၆၅) ရပ်ကွက်များတွင် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များလိုက်ပါ၍ သက်ဆိုင်ရာ ရပ်ကျေးဥက္ကဌများနှင့်ကော်မတီဝင်များ၊ လူငယ်ထု၊အမျိုးသမီးထုများလိုက်ပါ၍မိမိတို့ရပ်ကွက် ပြည်သူများထံသို့ တစ်အိမ် တက်တစ်အိမ်ဆင်း Door To Door စနစ်ဖြငကွင်းဆင်းဆောင်ရွက်လျက်ရှိပြီးရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးအကျဉ်းချုပ်ရှင်းလင်းပြောကြားပြီး မဲထည့်မဲပေးသည့်နည်းစနစ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ဇော်မင်းထွန်း

ဆက္လက္ဖတ္ရႈပါရန္

ပြည်သူများ၏ ကျန်းမားရေးကို အလေးထားပြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ Covid-19 ဥပဒေနှင့်အညီ ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံး

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယနေ့မနက် ၈ နာရီ အချိန်မှစတင်ပြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ ဝါးပတောကျေးရွာအုပ်စုအောက်ရှိကျေးရွာများသို့သွားရောက်ပြီးရပ်မိရပ်ဖများ၊အောင်နိုင်ရေးအဖွဲ့ဝင်များ၊ရပ်ကျေးအမှုဆောင်များနှင့်တွေ့ဆုံပြီးအောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြကာတစ်အိမ်တက်ဆင်း(Door to Door)စနစ်ဖြင့်လက်ကမ်းစာစောင်များဝေငှ၍စည်းရုံးရေးဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး၊ မြို့နယ်ကော်မတီဝင် ကိုထွန်းနိုင်၊ ကိုသိန်းဟန်၊ ကိုမျိုးညွန့်၊ ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan

ဆက်လက်ဖတ်ရှုပါရန်

အင်းတော်မြို့နယ် မော်လူးမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော် မြို့နယ်၊ မော်လူးမြို့ မင်းဇေယျာရပ် ကွက် မီးသတ်စခန်းအနီး ဦးကျော် သူရ နေအိမ်အရှေ့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရွေးကောက်ပွဲအောင်နိုင် ရေး ဗွီနိုင်းပိုစတာဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။ ထိုသို့စိုက်ထူရာတွင်အင်းတော် မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမိုးဆွေ ဦးနှင့် ပါတီအင်အား ၂၂ ဦးတို့က ”ပိုမိုတောက်ပသော အနာဂတ် အတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် တွေကို မဲပေးစို့”အမည်ပါသော ဗီနိုင်းပိုစတာဆိုင်းဘုတ်ကို စုပေါင်း စိုက်ထူခဲ့ကြသည်။

ဆက်လက်ဖတ်ရှုပါရန်

“ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ Covid-19 ကပ်ရောဂါ ပျောက်ကင်းသူအား လူသားချင်းစာနာထောက်ထား မှုဖြင့် ထောက်ပံ့ကူညီ “

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပြည်သူများအတွက် တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ခြင်းများ ပြုလုပ်လျှက်ရှိရာ ယမန်နေ့တွင် အမှတ်၂၁ ရပ်ကွက် ပညာရေး(၂)လမ်း မှ ကိုရိုနာကူးစက်ခံရ၍ ဆေးကုသမှုခံယူပြီးဆုံးသွားပါသဖြင့် နေအိမ်သို့ပြန်လည်ရောက်ရှိသူတစ်ဦးမှာ စားဝတ်နေရေးခက်ခဲနေကြောင်း ကြားသိရပါသဖြင့် ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်၍ စားသောက်ဖွယ်ရာများနှင့် ငွေကြေးများကို သွားရောက်၍ တတ်စွမ်းနိုင်သည့်ဖက်မှ ကူညီထောက်ပံ့ပေးခဲ့ကြပြီး အဆိုပါပျောက်ကင်းလူနာကို လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှလည်း ခရီးစားရိတ်ထောက်ပံ့၍ ကူညီပေးမှုကြောင့် နေအိမ်သို့ပြန်လည်ရောက်ရှိလာရကြောင်း သိရှိရပါသည်။ အဆိုပါထောက်ပံ့ကူညီမှုများကိုရန်ကုန်အရှေ့ပိုင်းခရိုင် (ခရိုင်ဘဏ္ဏာရေးမှုး) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမျိုး နှင့် မြို့နယ်ပါတီအတွင်းရေးမှုး ဦးထွန်းလွင်နှင့် မြို့နယ်ကော်မတီဝင် ဦးအေးထွန်းတို့မှ အိမ်တိုင်ရာရောက်သွားရောက်၍ ထောက်ပံ့ကူညီပေးကြကြောင်း သိရသည်။Arkar(S/Dagon)

ဆက်လက်ဖတ်ရှုပါရန်

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများမှ မဲဆန္ဒရှင်ပြည်သူများထံသို့ စည်းရုံးရေးဆင်း

ကျိုက်ထို၊အောက်တိုဘာမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့တွင် ၀င်းကလောကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများအား လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီမှ စည်းရုံးမဲဆွယ်ခြင်းနှင့် ပြည်သူများ မဲထည့်မှန်ကန်စေရေးအတွက် ပြသလေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။Phyo Wai San

ဆက်လက်ဖတ်ရှုပါရန်