ပြည်ခိုင်ဖြိုးပါတီ (၁ဝ)နှစ်ပြည့်နှစ်ပတ်လည်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဇေယျာသီရိမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်းသစ်ပင်စိုက်

သတင်းများ နေပြည်တော်

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် သာယာကုန်း အုပ်စု ဝဲကြီးကျေးရွာ ဇောတိကဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းသို့ ဇေယျာသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယခုလ ၈ ရက်တွင်ကျရောက်မည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ (၁ဝ)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေဖြင့် ကျွန်းပင်ပေါက် ၃ဝဝ ခန့် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးပွဲသို့ ဇေယျာသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အုပ်စုပါတီဥက္ကဋ္ဌများနှင့် ရွာခွဲခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ သီဟသွေးလူငယ်များပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရေဆင်း-ဖိုးသိန်း

Leave a Reply

Your email address will not be published. Required fields are marked *