ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံမြို့တွင် ဓမ္မစကူးလ်ဆရာဆရာမများတွေ့ဆုံပွဲတက်ရောက်

သတင်းများ ဧရာဝတီတိုင်းဒေသကြီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ပြည်ထောင်စု ဝန်ကြီး(ငြိမ်း)ဒေါက်တာမြတ်မြတ် အုန်းခင်တို့သည် ယမန်နေ့ နံနက် ၉နာရီက ဖျာပုံမြို့ ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ် သော ဧရာဝတီတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း စတုတ္ထ ကြိမ်မြောက် ဓမ္မစကူးလ် ဆရာ ဆရာမများတွေ့ဆုံဂုဏ်ပြုပွဲ သွား ရောက်ခဲ့ပြီး ဆရာတော်ကြီးများကို ဖူးမြော်ကန်တော့ခဲ့ကြောင်း သိရ သည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုးနိုင်သည် ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) ဒေါက်တာမြတ်မြတ် အုန်းခင်၊ မြို့နယ်ပါတီ ကော်မတီဝင် များနှင့်အတူဖျာပုံမြို့ (၁၉)ရပ်ကွက် အမှတ်(၂)အခြေခံ ပညာအလယ် တန်းကျောင်း၌ ပြုလုပ်သော ဘက်စုံ ပညာထူးချွန်ဆုချီးမြှင့်ပွဲနှင့် ပညာ ရေးစုံညီပွဲတော်အား တက်ရောက် ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ်လေး သိန်းနှင့် ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံများအား ကျောင်း အုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှု ဆောင်ဦးစိုးနိုင်သည် သဲအိမ်တမံ ကျေးရွာအုပ်စုနှင့် ချောင်းတွင်း ကျေးရွာများသို့သွားရောက်၍ ရပ်မိ ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *