ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး သတင်းများ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အရန်ပါတီကော်မတီဝင် ဦးဟန်စိန်၊ ထားဝယ်ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ရေဖြူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ် ပါတီကော်မတီဝင် ဦးဝဏ္ဏကျော်နှင့် ဦးသိန်းအောင်တို့သည် ယမန်နေ့နံနက်ပိုင်းက ဝဇွမ်းတောကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်အရှင် သာသနအားဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဝဇွမ်းတောကျေးရွာရှိ အမာခံပါတီဝင်များနှင့် တွေ့ဆုံ၍ ယနေ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *