တောင်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူ

ရန်ကုန်တိုင်းဒေသကြီး သတင်းများ

တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ပဉ္စမအကြိမ် မြောက် စာအောင်သဘင်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ တွင် တောင်ဥက္ကလာပစေတီတော်ဝင်း အတွင်း မဟာမုနိဓမ္မာရုံ၌ပြုလုပ်ခဲ့ရာ ဓမ္မာစရိယ စာမေးပွဲစာအောင်သံဃာအရှင်သူမြတ်များနှင့်သီလရှင် ဆရာလေးများအပါး ၂၅ဝကျော်အား တောင်ဥက္ကလာပ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမျိုးမင်းအောင်နှင့် မြို့နယ်ပါတီဝင်များ၊ ရပ် ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုပေါင်းဆွမ်း ဆန်စိမ်းလောင်းလှူခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *