တောင်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး မုခ်ဦးဆိုင်းဘုတ်တင်

မန္တ​လေးတိုင်း​ဒေသကြီး သတင်းများ

တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မုခ်ဦးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းညွန့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။ ထိုဖွင့်ပွဲ အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအောင်ရမည်ဟုြေ<ွကးကြော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *