သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီကတရော်တောကျေးရွာရှိ အဘိုးအဘွားအိမ်ထောင်စုများကို အခြေခံစားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ် သတင်းများ

သံတွဲခရိုင် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးစန်းနိုင်၊ အရန်ပါတီ ကော်မတီဝင်ဦးစံဝင်း၊ တရော် တောကျေးရွာ ရပ်ကျေးပါတီအဖွဲ့ဝင် ဦးမြင့်အောင်တို့သည် ယမန် နေ့က သံတွဲမြို့နယ် တရော်တောကျေးရွာအတွင်း ကိုဗစ်ကာလ စားသောက်ရေးအခက်အခဲရှိသောအသက် ၈ဝ ကျော် အဘိုးအဘွား အိမ်ထောင်စုငါးစုနှင့် အမှတ်(၃)ရပ်ကွက်မှ ရပ်ကွက်အမျိုးသမီး ရေးရာခေါင်းဆောင်နှင့် အမှတ်(၇)ရပ်ကွက်မှ အဖွဲ့ဝင်ဦးမင်းအောင် တို့အား အခြေခံစားသောက်ကုန် ဆန်ခြောက်ပြည်၊ ဆီတစ်ဘူး၊ ကြက်သွန်နီတစ်ပိဿာတို့ကို အိမ်အရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဘိုးဘွားများက သာဓုခေါ်မေတ္တာပို့ပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *