သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း သက်ကြီးဘိုးဘွားများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် သတင်းများ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက ယမန်နေ့က အချိန် အပိုင်းအခြား သတ်မှတ်ပြီး သံတွဲ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ မြို့နယ်ပါတီကော်မတီ ဝင်နယ်မြေတာဝန်ခံ ဦးအောင်သန်း တင်၊ ကညင်းကုန်းကျေးရွာအုပ်စု ရပ်ကျေးဥက္ကဋ္ဌ ဦးသန်းထွေး၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့ဝင် ဦးသိန်းလွင်တို့သည် အုပ်စုအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်ပြီး သြဝါဒ တရားများ နာယူခဲ့ကြသည်။ ထို့ နောက် မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့သည် အုပ်စုအတွင်းရှိ Covid-19 ကာလ အတွင်း စားသောက်ရေး အခက် အခဲရှိသော သက်ကြီးဘိုးဘွား (အိမ်ထောင်စု ရှစ်စု)ကို ဆန် ခြောက်ပြည်၊ ကြက်သွန်နီ တစ် ပိဿာ၊ လက်ဆေးဆပ်ပြာရည် တစ်ဘူးတို့ကို အိမ်အရောက် သွား ရောက် ထောက်ပံ့ပေးခဲ့သည်။ ၄င်း ပြင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်း နိုင်နှင့် အဖွဲ့သည် အုပ်စုအတွင်းရှိ ရွာရှည်ရွာ၊ ကျောင်းတောင်ရွာ၊ သံဒီကျေးရွာရှိ ပါတီဝင်များ၊ ပါတီ ဝန်းရံသူ ရပ်မိရပ်ဖများသို့ တစ်အိမ် တက်ဆင်းသွားရောက်ပြီး သတင်း မေးခြင်း၊ ပါတီပိုင် သတင်းစာနှင့် Covid-19 ကာကွယ်ရန် လက်ဆေး ဆပ်ပြာရည်များ ပေးအပ်ခြင်း၊ ပါတီဗဟိုဥက္ကဋ္ဌကြီး၏ ဓာတ်ပုံများ ကို လက်ဆောင်ပေးအပ်၍ ၂ဝ၂ဝ ခု ကာလ မိမိတို့ပါတီ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အပြန် အလှန် ဆွေးနွေး ရှင်းလင်းပြော ကြားခဲ့ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *