သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြကျွန်းကျေးရွာမှ ဆရာတော်ကြီး၏ ဈာပနအတွက် နဝကမ္မငွေလှူဒါန်း

ရခိုင်ပြည်နယ် သတင်းများ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယနေ့တွင် သံတွဲမြို့နယ် ဝက်ထီးတောင်အုပ်စု မြကျွန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနနာယကဖြစ်တော် မူသော သက်တော်ရှည်ဆရာတော်ကြီးဘဒ္ဒန္တဇေဋ္ဌ ပျံလွန်တော်မူ၍ြ<ွကင်းကျန်ရစ်သော ရုပ်ကလာပ်တော်အား မူလကျောင်းတော်ပေါ်မှ စံကျောင်း ကြာကလာပ်ပေါ် ပင့်ဆောင်တော်မူသောအခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ ဝက်ထီးတောင် အုပ်စု ပါတီအတွင်းရေးမှူးဦးဇော်ကြီး၊ ရပ်ကျေးလူငယ်ခေါင်းဆောင် မောင်ဇေယျာမင်း၊ မောင်သန်းမျိုးလွင်နှင့် အမျိုးသမီးရေးရာပါတီဝင် များသည် ထိုအခမ်းအနားသို့တက်ရောက်ပြီး ဈာပနကျင်းပစဉ် လိုအပ်သောဝေယျာဝစ္စများအား လုပ်အားဒါနပေးလှူခဲ့ကာ မြို့နယ် ပါတီဥက္ကဋ္ဌဦးစန်းနိုင်က ဆရာတော်ဈာပနအတွက် နဝကမ္မငွေ ကျပ်ငါးသောင်းအား ဈာပနကျင်းပရေးကော်မတီဝင် ပါတီလူငယ် ခေါင်းဆောင်နှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ကြောင်း နှင့် ဆရာတော်ဘုန်းကြီးပျံပွဲတွင်လည်း မိမိတို့ပါတီအနေဖြင့် တတ်အားသရွေ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *