သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)သူရမြင့်မောင် ပေးပို့လှူဒါန်းသော ဆွမ်းဆန်တော်နှစ်အိတ်နှင့် ဝတ္ထုငွေများ သုံးခွမြို့၌ ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး သတင်းများ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနာယက သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)သူရမြင့်မောင် ပေးပို့လှူဒါန်းသော ဆွမ်းဆန်တော် နှစ် အိတ်နှင့်ဝတ္ထုငွေများအား ရန်ကုန်တိုင်း ဒေသကြီးသုံးခွမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဝိဇ္ဇောဒယဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာတော်ဦးဝဏ္ဏသာမိထံသို့ ယမန်နေ့ နံနက် ၁၁ နာရီက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ယင်းဆက်ကပ်လှူဒါန်းရာသို့ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ကော်မတီ ဝင် ဦးအောင်ကျော်မင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဥပဒေရေးရာအဖွဲ့ဝင် ဒေါက်တာထွန်း ထွန်းဝင်းနှင့်သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များက လှူဒါန်းပေးခဲ့ကြ ကြောင်း သိရသည်။
ကြည်စိုးလွင်(သုံးခြ)

Leave a Reply

Your email address will not be published. Required fields are marked *