လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရေးမှူးရုံးနှင့်စာသင်ကျောင်းများသို့ လက်သန့်ဆေးရည် နှာခေါင်းစည်းများ လက်ကမ်းစာစောင်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး သတင်းများ

ရန်ကုန်တိုင်းဒေသကြီး အနောက် ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက COVID-19 ကာလ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ယမန်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်ပြည်ခိုင် ဖြိုးပါတီမှ ပါတီဥက္ကဋ္ဌဦးမင်းလွင် စီစဉ်မှုဖြင့် လှိုင်မြို့နယ်ပညာရေး မှူးရုံးနှင့် အထက၊ အထကခွဲ ကျောင်းများသို့ Mask ၅ဝ ပါ ၉၄ ဘူး၊ လက်သန့်ဆေးရည် ၉၄ ဘူး၊ လက်ကမ်းစာစောင်များကို လှူ ဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းရာသို့ အနောက် ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ လှိုင်မြို့နယ် တာဝန်ခံ ဦးရန်နိုင်သန်း၊ လှိုင်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ကော်မတီဝင်များဖြစ်သည့် ဦးစိုး ဦး၊ ဦးအုန်းဌေး၊ ဦးအောင်ကိုဦး၊ ဒေါ်အေးအေးခိုင်၊ ဒေါ်အေးအေး မော်၊ ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးစိုး တင့်တို့လိုက်ပါ၍ ပေးအပ်လှူဒါန်း ခဲ့ရာ ဆရာ၊ ဆရာမများက လက်ခံ ရယူကာ ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *