မဲဆွယ်သည့်အချိန်ပဲလာသော ကိုယ်စားလှယ်သည် စစ်မှန်သည့်ကိုယ်စားလှယ်မဟုတ်ဘူးဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ပြော

ကရင်ပြည်နယ် သတင်းများ

မဲဆွယ်သည့်အချိန်ပဲလာသော ကိုယ်စားလှယ်သည် စစ်မှန်သည့်ကိုယ်စားလှယ်မဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ သူရဲ့ လူထုနဲ့ အမြဲထိတွေ့နေရမယ်၊ ရွာကိုလာရမယ်၊ ရွာသားတွေနဲ့ တွေ့ရမယ်၊ ဘာတွေလိုမလဲမေးရမယ်။ သူကတင်ပြပေးရမယ်။ သူကအမြဲတမ်းထိတွေ့မှု ခင်မင်မှုရှိနေရမယ်၊ မဲဆွယ်တဲ့အချိန်ပဲ လာပြီး နောက်ထပ်မလာတော့လို့ရှိရင် စစ်မှန်တဲ့ကိုယ်စားလှယ်မဟုတ်ဘူး။ အဲဒါကြောင့် လူကိုလည်းကြည့် ပါတီကိုလည်း ကြည့်စေချင်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က ပြောကြားခဲ့ပါသည်။

ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကွင်းခလောင်ကျေးရွာနေဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်ပြီး ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာ၊ ဒေသခံတစ်ဦး၏ နေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် အခမ်းအနားသို့တတ်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *