မော်လူးမြို့တွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးမြို့တွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၁နာရီ ၂ဝမိနစ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖွဲ့ ဝင်များကမော်လူးမြို့ပေါ်ရပ်ကွက် များသို့ လှည့်လှည်၍ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်အားပြ ခဲ့ကြသည်။

အဆိုပါ အင်အားပြလှည့်လည် ရာသို့ အင်းတော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးမြင့်စိုး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း အောင်ဝင်၊ အမှတ်(၁)တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်သူသူဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးမိုးဆွေဦးဦးဆောင်သော ပါတီအဖွ့ဝင် အင်အား၄၅ဦးနှင့် ပါတီဝန်းရံသူအင်အား ၁၅ဝဝခန့် တို့က မော်လူးမြို့ မင်းရာဇာရပ် ကွက် စီးမော်တံတားထိပ်မှ မြို့ပေါ် ရပ်ကွက်များဖြစ်သော မင်းဇေယျာ ရပ်ကွက် မင်းချမ်းသာရပ်ကွက် နှင့် မင်းသီရိရပ်ကွက်White City ကုန်း (ဟဲနုတောင်ခြေ) စုပေါင်း လှည့်လည် အင်အားပြခဲ့ကြပြီး ပါတီအောင်နိုင်ရေးအတွက် ‘မျိုး မြန်မာကမ္ဘာတည်ဖို့ ပြည်ခိုင်ဖြိုး ကိုမဲပေးစို့’ ပြည်သူ့အတွက် အာမခံ ချက်(၁၁)ချက်ပါသော လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ စုပေါင်းလှည်လည်အင် အားပြရာသို့ မော်တော်ယာဉ်၃ဝစီး၊ သုံးဘီးယာဉ်၁၅စီး၊ ဆိုင်ကယ် ၁၅ဝစီးနှင့် လမ်းလျှောက်အင်အား ၁၅ဝဝတို့ဖြင့် တမိုးတဖွဲ့ဖွဲ ရွာသွန်း စဉ် အဆိုပါတီဝင်များက ရွေဘေး တန်နှင့် ပြည်ထောင်စုလမ်းမကြီး ပေါ် လမ်းဆုံတွင် ထမင်းထုပ် ၂ဝဝဝခန့်ဖြင် ဝေငှခဲ့ပြီး အဆိုပါ ပါတီအောင်နိုင်ရေးလုပ်ငန်းများကို မွန်းလွဲ ၂နာရီ ၂ဝမိနစ်တွင် ရပ်နား ခဲ့ကြောင်း သိရသည်။

မော်လူးဒေသ မြို့ပေါ်(၆)ရပ် ကွက် မော်လူးဒေသအသီသီး ဖြစ် သော ကျေးရွာအုပ်စု ၁၁အုပ်စု ကျေးရွာပေါင်း ၅ဝခန့်မှ စုစုပေါင်း ပါတီဝန်းရံသူလူဦးရေ ၁၅ဝဝခန့်ရှိ ကြောင်းသိရပြီး ထမင်းထုပ်၂ဝဝဝ ခန့်ဝေငှခဲ့ကြောင်း သိရသည်။
ဆိုင်ကလုန်း

Leave a Reply

Your email address will not be published. Required fields are marked *