တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲ အဖျောက်ဒေသပါတီရုံး၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သတင်းများ

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲကို ယမန်နေ့နံနက် ၁ဝနာရီက တိုက်ကြီးမြို့နယ် အဖျောက်ဒေသ ပြည်ခိုင်ဖြိုးပါတီ ရုံး၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးပြု၍ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်မြတ်များထံမှ ရတနာမြတ်သုံးပါးနှင့်တကွ ငါးပါး သီလခံယူဆောက်တည်ကာ အနု မောဒနာတရားနာကြားကြသည်။
ယင်းနောက် သံဃာတော် အရှင်မြတ်များအား ပြည်ခိုင်ဖြိုး ပါတီတာဝန်ရှိသူများက ဝါဆို သင်္ကန်းနှင့် အခြားလှူဖွယ်ဝတ္ထု အစုစုတို့ကိုဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများ ဆောင် ရွက်ကြကာ လှူဒါန်းမှုအစုစုနှင့် ကောင်းမှုကုသိုလ်တို့အား ရေစက် သွန်းချအမျှပေးဝေခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုက် ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ပထမအကြိမ် တိုင်းဒေသကြီးအမှတ် (၁)လွှတ် တော်ကိုယ်စားလှယ် တိုက်ကြီးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီနာယက ဦးစိုး ဝင်းမောင်၊ ပါတီအတွင်းရေးမှူး ဦးကျော်လင်းဇော်နှင့် မြို့နယ် ကော်မတီဝင်များ၊ အရန်ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လူငယ်အမျိုး သမီးအဖွဲ့များ၊ပါတီဝင်များ၊ရုံးအဖွဲ့ များ၊မြို့မိမြို့ဖများနှင့် အခြားဖိတ် ကြားထားသူများ တက်ရောက်ကြ ပြီး အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင်ရပ်နားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *