ခန္တီးဓမ္မစကူးလ်ကျောင်းမှ ကျောင်းသားကျောင်းသူများအား စစ်ကိုင်းပြည်ခိုင်ဖြိုးမှ အာဟာရဒါနပြုလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး သတင်းများ

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် အလှူရှင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် စစ် ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးကိုယ်စား ခန္တီးဓမ္မစကူးလ် ကျောင်းရှိ ကျောင်းသားကျောင်း သူများအား အာဟာရဒါနကျွေးမွေး လှူဒါန်းပွဲကို ခန္တီးကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဋ္ဌ ဦးထိန်မင်း၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များမှ သွားရောက် လှူဒါန်းခဲ့ပြီး ဝန်းသိုမြို့နယ်လုံး ဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဆရာတော်အရှင် အဂ္ဂဓမ္မက ဂုဏ်ပြုမှတ်တမ်းလွှာကို ပါတီဥက္ကဋ္ဌဦးထိန်မင်းအားပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပါတီဥက္ကဋ္ဌဦးထိန် မင်းက ကျောင်းသားကျောင်းသူ ကလေးများအား နှုတ်ဆက်အမှာ စကားပြောကြားခဲ့ပြီးခန္တီးဓမ္မစကူးလ် ကျောင်း၌ ကျောင်းသားကျောင်းသူ ပေါင်း၃ဝဝကျော်ခန့် တက်ရောက် သင်ကြားနေကြကြောင်း သိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *