ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်နိုင်ရေး မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်ကမ်းစာစောင်များဝေငှ

မန္တ​လေးတိုင်း​ဒေသကြီး သတင်းများ

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်မိတ္ထီလာမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးဖိုးÓဏ်၊အတွင်းရေးမှူးဦးချစ်ထွေး၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်ပါတီလူငယ်လေးများ၊အမျိုးသမီး ရေးရာအဖွဲ့များ အင်အား ၂ဝ တို့သည် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ခြင်းမှကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ယမန်နေ့နံနက် တွင်ဖြန့်ဝေငှကြောင်းသိရသည်။

လက်ကမ်းစာစောင်များကို မိတ္ထီလာမြို့မဈေးကြီး၊ ပေါက်ချောင်း ဈေးကြီး၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့စသည့်နေရာများတွင် ဖြန့်ဝေ ကြောင်း သိရသည်။
စိုးလှိုင်(ထီလာ)

Leave a Reply

Your email address will not be published. Required fields are marked *