ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သတင်းများ

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တွင်ကျင်းပခဲ့ရာ ရပ်ကွက်(၁ဝ) ရပ် ကွက်ကိုယ်စားပါတီဝင်အင်အား အသစ် ၁၂၂စောင်အား ရပ်ကွက် သုံးခုမှကိုယ်စားပြု အမှတ် (၁) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးကံညွန့်၊ အမှတ်(၇)ရပ်ကွက် ဥက္ကဋ္ဌ ဦးတိုး အောင်မြင့်၊ အမှတ် (၄)ရပ်ကွက် ပါတီကော်မတီဝင်ဒေါ်မူမူအေးတို့ က ပေးအပ်ခဲ့ပြီး ပါတီဗဟိုကော်မ တီဝင်တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဦးတင်ဝင်းကလက်ခံရယူကာ ပါတီဝင်အသစ်များအား ပါတီရင် ထိုးတံဆိပ်များ ပြန်လည်တပ်ဆင် ပေးခဲ့ပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေး ပုံပါပြက္ခဒိန်များကို တက်ရောက် လာသူများအား လက်ဆောင်ပေး အပ်ခဲ့သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ပါတီဗဟို ကော်မတီဝင်တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးတင်ဝင်း၊ ရန်ကုန် အနောက်ပိုင်းခရိုင်ပါတီကော်မတီ ဝင် ဦးဇော်ဝင်းခေါင်၊ မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌဦးမျိုးအောင်၊ ပါတီ အတွင်းရေးမှူးဒေါ်သီသီမွန်၊ စည်း ရုံးရေးရာတာဝန်ခံဦးဗိုလ်စောနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ပါတီဝင်များနှင့် ပါတီဝင်အသစ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဗိုလ်စော(ကမာရွတ်)

Leave a Reply

Your email address will not be published. Required fields are marked *