မော်ကွန်းကောင်းရေးထိုးစေလို

Covid ရောဂါကြောင့် ရွေးကောက်ပွဲရွှေ့ဖို့ ပြောကြား ရေးသား တောင်းဆိုမှုများစွာရှိခဲ့သော်ငြားလည်း အာဏာရပါတီ၏ ရွေးကောက်ပွဲ ကော်မရှင်က မူလသတ်မှတ်ရက်အတိုင်း ကျင်းပသွားမည်ဟု တုံ့ပြန်ခဲ့သည်။ ရွေးကောက်ပွဲရက်ရွှေ့လိုက်လျှင် ၁၈ နှစ်ပြည့် မဲစာရင်းများ တွက်ရချက်ရ ခက်သွားမည်ဟု တုံ့ပြန်ချက်မှာ အသက်မပါသော အသွင်သန္တာန်မဲ့သော အကြောင်း ပြချက် သက်သက်မျှသာဟု အတွေ့အကြုံရှိကျွမ်းကျင်ပုဂ္ဂိုလ်များ က မှတ်ချက်ချကြသည်။ ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် စိုးရိမ် စိတ်ရှိနေပြီး အရေးပေါ်ဆိုင်ရာ အခြေအနေဖြစ်လာမည်ကို ပူပင်သောက ဖြစ်နေသလားဟု မေးခွန်းထုတ်စရာဖြစ်ကြောင်းလည်း ယူဆပြောဆိုသံများ ကြားရသည်။ပထမဒီမိုကရေစီအစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲချုပ်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၊ ယခုနိုင်ငံရေး ပြိုင်ဘက်ပါတီတစ်ခု၏ ဒုတိယဥက္ကဋ္ဌ စသည့် နိုင်ငံရေးဝန်ထမ်းတာဝန်နှင့် အဖွဲ့အစည်းတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အတွေ့အကြုံပေါင်းများစွာ ရှိခဲ့သူက မီဒီယာမေးမြန်းချက်ကို ဖြေကြားခဲ့မှုကိုလည်း မှတ်သားရသည်။”NGO […]

ဆက်လက်ဖတ်ရှုပါရန်

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ထိုပူးကျေးရွာအုပ်စု၌ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုပါတီကော် မတီဝင်များ၊ ပါတီဝင်များနှင့်ပါတီဝန်းရံသူများစုပေါင်း ၍ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုအတွင်း၌’ပိုမိုတောက်ပသောအနာဂတ်ဆီသို့’ စာတန်းနှင့် မြို့နယ်ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ရုပ်ပုံပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာကို စိုက်ထူခဲ့ကြသည်။ အဆိုပါ ပါတီအောင်နိုင်ရေး ဗွီနိုင်းပိုစတာစိုက်ထူရာသို့ မြို့နယ် ပါတီနာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌအမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း ထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် လောင်း ဦးစိုးနွယ်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် မြို့ နယ်အရန် ပါတီကော်မတီဝင်နယ်မြေ (၃)တွဲဖက်တာဝန်ခံ ဦးသန်းစိုးတို့ တက်ရောက် အားပေးခဲ့ကြသည်။ဝင်းအောင်(မိုးကောင်း)

ဆက်လက်ဖတ်ရှုပါရန်

ရွေးကောက်ပွဲသည်ပါတီများအာဏာရရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပါတီကောင်းများမှ ကိုယ်စားလှယ်ကောင်းများကိုရွေးချယ်ခြင်းသာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ရွေးကောက်ပွဲသည်ပါတီများ အာဏာရ ရန်လုပ်ဆောင်ခြင်းမဟုတ်ဘဲပါတီကောင်းများ မှကိုယ်စားလှယ်ကောင်းများကိုရွေး ချယ်ခြင်း သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးက ပြောကြားသည်။ ယမန်နေ့ ပျော်ဘွယ်မြို့နယ်အတွင်းရှိကျေးရွာ များသို့ သွားရောက်ကာဒေသခံမဲဆန္ဒရှင်မိဘ ပြည်သူများနှင့်တွေ့ဆုံရာတွင် ပျော်ဘွယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ဒီရွေးကောက်ပွဲဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအာဏာ ရအောင်လုပ် တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ပြည်သူ တွေအတွက် ကောင်းကောင်းမွန်မွန် အေး အေးချမ်းချမ်းနဲ့စီးပွားရေးဘဝတွေ၊ လူမှု ရေးဘဝတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်အောင်လုပ်ပေးနိုင်တဲ့ တိုင်းပြည် နဲ့လူမျိုးကိုချစ်တဲ့ ပါတီကောင်းတွေက ကိုယ်စားလှယ်ကောင်းတွေကိုရွေးကောက် ပေးတာဖြစ်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ပြော ကြားသည်။ ထို့ပြင် ရွေးကောက်ပွဲသည် သာမန် မဟုတ်ဘဲပြည်သူများ၏ ကံကြမ္မာဖြစ် သောကြောင့် သေသေချာချာစဉ်းစားပြီး ရွေးချယ်ပေးသင့်ကြောင်း […]

ဆက်လက်ဖတ်ရှုပါရန်

ပခုက္ကူခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွပ်/ရပ်ကျေး ပါတီဝင်များနှင့် တွေ့ဆုံ

ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင်ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊မြို့နယ်ပါတီဥက္ကဌ ဦးသန်းအေး၊မြို့နယ်ပါတီ အတွင်းရေးမှူးဦးဆွေလင်း၊မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးစန်းမြင့်တို့မှ ပြည်ခိုင်ဖြိုးပါတီ မဲရုံကော်မရှင်များကို သိသင့် သိထိုက်အပ်သော အချက်အလက်များ ရှင်းလင်း၍ ပါတီကော်မရှင်တို့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။။ မှတ်တမ်းစနေ

ဆက်လက်ဖတ်ရှုပါရန်

ပုဗ္ဗသီရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ကျေးရွာများသို့ စည်းရုံးရေးဆင်း

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် အောင်သုခ၊ ကံလှ၊ ရွာသစ်၊ ရေအိုးစင် ကျေးရွာများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလွင်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးတို့မှ covid-19 ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လှည့်လည်မဲဆွယ်စည်းရုံးရေးဆင်းခဲ့ကြောင်း သိရသည်။Usdp – PubbaThiri Township

ဆက်လက်ဖတ်ရှုပါရန်

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

၂၆.၁၀.၂၀၂၀နေ့ရက် နေ့လယ်(၂)နာရီအချိန်တွင် ရခိုင်မြို့နယ် စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းသို့ မကျဉ်းမြိုင်ရပ်ကွက်၊ ကသဲရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ ရဲနွယ်စုရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ မိဇံရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ အနောက်စံပြရပ်ကွက်တို့မှ မဲရုံကိုယ်စားလှယ်များနှင့် ရပ်/ကျေးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်မှ သင်တန်းပို့ချခဲ့သည်။Usdp rakhine state

ဆက်လက်ဖတ်ရှုပါရန်

ကိုယ့်သမိုင်းမရိုင်းအောင် အလေးထားလုပ်ဆောင်သင့်

လူ့အခွင့်အရေးမဆုံးရှုံးရအောင် ဆောင်ရွက်လာတာ ခုတော့ လူဦးရေ သန်းနဲ့ချီပြီး မဲပေးခွင့်ဆုံးရှုံးသွားတယ်ဟူသော ရုပ်ပြောင်ကာတွန်းလေးတစ်ခုကို အောက်တိုဘာ ၂၂ ရက်ထုတ် သတင်းစာတစ်စောင်တွင် ထင်ထင်ရှားရှား တွေ့ရသည်။ဒီမိုကရေစီကို အုတ်မြစ်ချပေးမည်၊ ကာကွယ်မည်၊ တိုးချဲ့တည် ဆောက်မည်ဟုြေ<ွကးကြော်သူတို့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ရယူကာ အစိုးရအာဏာပိုင်များဖြစ်သော ခေတ်တွင် အစစအရာရာ ယခင်ကာလများ ထက်သာမည်ဟု ပြည်သူများက မျှော်လင့်ချက်ကြီးမားစွာ ထားခဲ့ကြသည်မှာ သဘာဝကျပါသည်။လက်ရှိအချိန်တွင် ထိုသူတို့သည် လူ့အခွင့်အရေးဟု တောက်လျှောက် အသံပေြးေ<ွကးကြော်ခဲ့ကြသည်။ ယနေ့သူတို့လက်တွင် လုပ်ပိုင်ခွင့်အာဏာ ရောက်သွားသည့်အချိန်ကစ၍ လူ့အခွင့်အရေးချိုးဖောက်ခံရသော ဖြစ်ရပ်မှုခင်း များကိုသာ မကြာခဏတွေ့မြင်ခဲ့ရသည်။ ထိုသို့သောဖြစ်ရပ်များအတွက် ပြည်သူလူထုရင်ထဲက ဆန္ဒတို့ကိုအကြောင်းပြုကာ ကာတွန်းဆရာက မနေ သာဘဲ ယခုလိုရုပ်ပြောင်ရေးဆွဲရသည်အထိ ဖြစ်ခဲ့ရခြင်းဖြစ်သည်။တစ်နေ့တည်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသမီးက မြေပြင်မှာမဲဆွယ်စည်းရုံးခွင့်လည်း မရှိဘူး။ ပြည်သူနဲ့ထိတွေ့တာလည်း […]

ဆက်လက်ဖတ်ရှုပါရန်

မော်လူးမြို့တွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးမြို့တွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၁နာရီ ၂ဝမိနစ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖွဲ့ ဝင်များကမော်လူးမြို့ပေါ်ရပ်ကွက် များသို့ လှည့်လှည်၍ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်အားပြ ခဲ့ကြသည်။ အဆိုပါ အင်အားပြလှည့်လည် ရာသို့ အင်းတော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးမြင့်စိုး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းဦးထွန်း အောင်ဝင်၊ အမှတ်(၁)တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်သူသူဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးမိုးဆွေဦးဦးဆောင်သော ပါတီအဖွ့ဝင် အင်အား၄၅ဦးနှင့် ပါတီဝန်းရံသူအင်အား ၁၅ဝဝခန့် တို့က မော်လူးမြို့ မင်းရာဇာရပ် ကွက် စီးမော်တံတားထိပ်မှ မြို့ပေါ် ရပ်ကွက်များဖြစ်သော မင်းဇေယျာ ရပ်ကွက် မင်းချမ်းသာရပ်ကွက် နှင့် မင်းသီရိရပ်ကွက်White City ကုန်း […]

ဆက်လက်ဖတ်ရှုပါရန်